အင်ဒိုနီးရှားတွင် မြေငလျင်လှုပ်ပြီး လူပေါင်း ၁၆၀ ကျော်သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်မှာ နိုဝင်ဘာ ၂၁ ရက်က ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၆ အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့လို့ လူပေါင်း ၁၆၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
မြို့တော် ဂျာကာတာရဲ့ အရှေ့တောင်ဘက် ၄၅ မိုင် အကွာ တောင်တန်း အနောက်ဂျာဗားရှိ စီအန်ဂျာမြို့အနီးကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီဒေသဟာ လူဦးရေ ၂ သန်းခွဲကျော် နေထိုင်ပါတယ်။
ငလျင်ကြောင်း လူပေါင်း ၁၆၂ ဦး သေဆုံးကြောင်း အစိုးရ တာဝန်ရှိသူက အတည်ပြုပြောကြားခဲ့ပြီး အပျက်အစီးအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရသူ ၂၅ ယောက်လောက်ကိုလည်း ကယ်ဆယ်ရေးသမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။
ဒီငလျင်ကြောင့် အိမ်ခြေ ၂၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူ ၅၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ BNPB က ပြောပါတယ်။