close

မလေးရှားဝန်ကြီးချုပ် ဘယ်သူဖြစ်မလဲ၊ ဘုရင်က ဆုံးဖြတ်ရွေးချယ်ပေးမည်

မလေးရှား အထွေထွေရွေးကောက်ပွဲမှာ ဦးဆောင်ပါတီကြီး ၂ ခုက အများစုကို အပြတ်အသတ် အနိုင်မရခဲ့တာကြောင့် နောက်ဝန်ကြီးချုပ်ကို ဘုရင်ကြီးက ရွေးချယ်မယ်ကြေညာထားပါတယ်။ 

မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်မ်နဲ့ ၀န်ကြီးချုပ်ဟောင်း မူဟစ်ဒင်ယက်ဆင် တို့ဟာ တော်ဝင်နန်းတော်ကို နိုဝင်ဘာ ၂၂ ရက်မှာ သွားရောက်ခဲ့ကြပြီး တော်ဝင်နန်းတော်အပြင်ဘက်မှာ အန်ဝါ ထောက်ခံသူတချို့ ကြွေးကြော်သံတွေ ကြွေးကြော်နေချိန်မှာ ခမောက်တွေနဲ့ ဒိုင်းတွေကို ကိုင်ဆောင်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကလည်း စောင့်ကြည့်နေပါတယ်။

ရလဒ်မပြတ်သားတဲ့ ရွေးကောက်ပွဲမှ နိုင်ငံရေးအကျပ်အတည်းဟာ ၃ ရက်မြောက်နေ့ကို ရောက်လာတာကြောင့် ဘုရင် အလ်စူလတန် အဗ္ဗဒူလာက သူ ရွေးချယ်ပေးမယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပေမဲ့ သူ့ဆုံးဖြတ်ချက်အတွက် အချိန်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ 

အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အများစုနေရာကို အန်ဝါ သို့မဟုတ် မူဟိုင်ဒင်က အနိုင်ရခဲ့တာမရှိခဲ့လို့ နိုဝင်ဘာ ၁၉ ရက် စနေနေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ရလဒ်က မကြုံစဖူး ဆတ်တငံ့ငံ့ ဖြစ်နေရတာပါ။

နှစ်ပေါင်းများစွာအတွင်း ဝန်ကြီးချုပ် ၃ ဦး ရှိခဲ့တဲ့ မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲက နိုင်ငံရေးမတည်ငြိမ်မှုကို ကြာရှည်စေပြီး စီးပွားရေး ပြန်ဦးမော့လာစေဖို့ လိုအပ်တဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေအတွက် နှောင့်နှေးရမှုတွေကြောင့် အန္တရာယ်ဖြစ်စေကြောင်း ရိုက်တာသတင်းမှာ သုံးသပ်ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up