ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းဆီ ပြန်လည်ပြောင်းရွှေ့ရန် ရော်နယ်ဒို နီးစပ်

မန်ယူအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းဟောင်း စပို့တင်းလစ္စဘွန်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
အသက် ၃၇ နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ ကလပ်အသင်းလက်မဲ့ဖြစ်သွားပြီး ဘယ်အသင်းကိုမဆို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ခွင့်ရှိပါတယ်။
ရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားအပြီးမှာ ဘယ်အသင်းကို ပြောင်းရွှေ့မလားဆိုတာ ယတိပြတ်ဆုံးဖြတ်ဖို့ ရှိပါတယ်။
လက်တလော သတင်းတွေအရတော့ အသင်းဟောင်း စပို့တင်းဆီကို ပြောင်းရွှေ့ဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။
ဒါ့အပြင် ယူနိုက်တက်ရဲ့ ပြိုင်ဘက် ချဲလ်ဆီးအသင်း၊ အမေရိကန်မေဂျာလိဂ်ကလပ်တွေနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
ရော်နယ်ဒိုကတော့ အင်တာဗျူးက ပြောစကားတွေကြောင့် စာချုပ်ဖျက်သိမ်းခဲ့ရပေမယ့် စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အကောင်းဆုံးအချိန်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။