close

ဘောလခဲတွင် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်၊ ဘောလခဲခရိုင်ရှိ ထူးချောင်းစစ်ကောင်စီတပ်စခန်းမှ တပ်သားတယောက် စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးကာ နှစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိတယ်လို့ ကရင်နီတော်လှန်ရေးတပ်စု (KRU) က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်က ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် (BPDF) တပ်ရင်း-၁၁၀၅ တို့က စနိုက်ပါမစ်ရှင် ဖော်ဆောင်ပြီး ထူးချောင်းစစ်ကောင်စီစခန်းကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်ကလည်း ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း ဖြတ်သန်းသွားတဲ့ လက်နက်ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီ ယာဉ် ၃ စီးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ကားတစီး ပျက်စီးသွားတယ်လို့ KRU တာဝန်ရှိသူဆီက သိရပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ဟာ ကရင်နီပြည်နယ်အတွင်းရှိ ကွဲပြားနေတဲ့ K.D.F၊ JPDF၊ GZ 21၊ KOIKAW MEDIC UNIT DMO  စတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းထားတာဖြစ်ပြီး ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U) နဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပူးပေါင်း မဟာမိတ် ဖွဲ့စည်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up