close

နယူးဒေလီမြို့တော်၏ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားလာ

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ မီးခိုးမြူထူတွေ ဖုံးလွှမ်းနေတဲ့ကြားကပဲ ဒီဇင်ဘာ ၂ ရက်က ကျရောက်တဲ့ နိုင်ငံလုံးဆိုင်ရာညစ်ညမ်းမှုထိန်းချုပ်ရေးနေ့ကို ကျင်းပခဲ့ပြီး လေအရည်အသွေး ညွှန်းကိန်း (AQI) ကလည်း အလွန်ဆိုးရွားတဲ့အဆင့်မှာ ရှိနေပါတယ်။

ဒေသခံ စက်ဘီးသမား ဟာကီရတ်ဆင်းန်မနန်က အခု ဒေလီမှာ လေထုညစ်ညမ်းမှု ဆိုးရွားနေလို့ မီးခိုးမြူတွေကြားမှာ ခါတိုင်းသွားနေကျနေရာထက် အချိန် နှစ်ဆလောက် ပိုကြာပြီးမှရောက်တယ် လို့ ပြောပါတယ်။

အသက်ရှူရတာလည်း ယားကျိကျိနဲ့ ခပ်ပြင်းပြင်းကို အသက်ရှူနေရတယ်လို့ ဆိုပါတယ်။ ဒေလီဟာ ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော်ဖြစ်ပြီး အများစု ဆောင်းရာသီကာလမှာ ယာဉ်ညစ်ညမ်းမှု၊ ဆောက်လုပ်ရေး ဖုန်မှုန့်တွေနဲ့ အိမ်နီးချင်းပြည်နယ်တွေမှာ လယ်ယာ၊ ကောက်ရိုး မီးရှို့မှုတွေကြောင့် မီးခိုးငွေ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရသူပေါင်း သန်း ၂၀ ရှိပါတယ်။ 

တောင်အာရှနိုင်ငံဟာ ၁၉၈၄ ခုနှစ်က ဒီဇင်ဘာ ၂ ရက်မှ ၃ ရက်အထိ မက်ဒရာပရာဒက်ရှ်ပြည်နယ် ဘိုပါးလ်မြို့မှာ အနည်းဆုံး လူ ၃၅၀၀ သေဆုံးခဲ့ရတဲ့ ယူနီယံကာဗိုက် ပိုးသတ်ဆေးစက်ရုံမှ ဓာတ်ငွေ့ယိုစိမ့်မှု ဝမ်းနည်းစရာ အဖြစ်ဆိုးနဲ့ တိုက်ဆိုင်ပြီး နိုင်ငံလုံးဆိုင်ရာညစ်ညမ်းမှု ထိန်းချုပ်ရေးနေ့ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up