close

လက်မထပ်ဘဲ လိင်ဆက်ဆံခြင်းကို တားမြစ်သည့်ဥပဒေ အင်ဒိုနီးရှားလွှတ်တော် အတည်ပြု

လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ လိင်ဆက်ဆံတာကို တားမြစ်တဲ့ ရာဇဝတ်ကျင့်ထုံးကို အင်ဒိုနီးရှားလွှတ်တော်က ဒီဇင်ဘာ ၆ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးမှာ ပြည်သူ့လွတ်လပ်မှုကို ထိခိုက်စေတယ်လို့ ဝေဖန်သူတွေကပြောတဲ့ ဥပဒေပြောင်းလဲမှု အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ တန်းတူသက်ဆိုင်တဲ့ အငြင်းပွားဖွယ် ဥပဒေသစ်ထဲမှာ သမ္မတ ဒါမှမဟုတ် နိုင်ငံတော်အဖွဲ့အစည်းတွေကို စော်ကားတာကို တားမြစ်ခြင်းနဲ့ နိုင်ငံတော် အတွေးအခေါ်နဲ့ ဆန့်ကျင်တဲ့ အမြင်တွေကို ဖော်ပြခြင်းတို့လည်း ပါဝင်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ နယ်သာလန်ဆီကနေ လွတ်လပ်ရေး ကြေညာပြီးကတည်းက ပြန်ပြင်ဆင်ဖို့ ဆွေးနွေးနေတဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပြုရေး အားထုတ်ချက်ကို ဥပဒေပြုလွှတ်တော်အမတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုနေရာတခုအဖြစ် အင်ဒိုနီးရှားရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ စီးပွားရေးအဖွဲ့တွေက သတိပေးထားတဲ့ကြားက ခုလို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up