close

ဝင်ငွေစံချိန်တင်ခဲ့သည့် Avatar ရုပ်ရှင် နောက်ဆက်တွဲ ဇာတ်ကားသစ် လန်ဒန်၌ပြသ

သမိုင်းတလျှောက် ဝင်ငွေအများဆုံးရရှိခဲ့တဲ့ Avatar ရုပ်ရှင်ကို ထုတ်လွှင့်ပြသခဲ့အပြီး ၁၃ နှစ်အကြာမှာ ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းဟာ အဲဒီရုပ်ရှင်ရဲ့ နောက်ဆက်တွဲ “Avatar: The Way of Water” ဇာတ်ကားသစ်ကို ဒီဇင်ဘာ ၆ ရက်က လန်ဒန်မှာ ပြသခဲ့ပါတယ်။

ဇာတ်ကားသစ်ဟာ ပထမဇာတ်ကားတုန်းက လရဲ့ သဘာဝအရင်းအမြစ်တွေအတွက် နယ်ချဲ့လူသားတွေကို တိုက်ခိုက်ခဲ့ကြတဲ့ ဒေသခံ နာဗီ အပြာရောင်လူမျိုးတွေ နေထိုင်ရာ စွဲမက်စရာ ပန်ဒိုရာကမ္ဘာဆီ ပရိသတ်တွေကို ပြန်လည်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

ဆယ်စုနှစ်တခုကျော် ကာလမှာတော့ ဂျိတ်ခ်ဆူလီနဲ့ နေးထီရိအဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ ဆမ် ဝပ်သင်တန်နဲ့ ဇိုး ဆလ်ဒါနာ တို့ကို အခု ကလေး ၅ ဦးရဲ့ မိဘတွေအဖြစ် တွေ့မြင်ရပါတယ်။

ဒီဇာတ်ကားသစ်မှာတော့ သူတို့မိသားစုနဲ့ သူတို့ရဲ့မျိုးနွယ်ကို ကာကွယ်ဖို့အတွက် ဆူလီ၊ နေးထီရိနဲ့ သူတို့ရဲ့ကလေးတွေဟာ ဝေးလံခေါင်သီတဲ့ နယ်မြေကို ထွက်ပြေးကြပြီး ပင်လယ်သမုဒ္ဒရာထဲက မက်ကယီနာ မျိုးနွယ်စုနဲ့အတူ ခိုလှုံခွင့်ရှာတဲ့အကြောင်း ရိုက်ကူးထားပါတယ်။

၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avatar မူရင်းဇာတ်ကားဟာ တကမ္ဘာလုံး လက်မှတ်ရောင်းရငွေ ၂ ဒသမ ၉ ဘီလီယံကျော်နဲ့ သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်နေရာမှာ ရပ်တည်ခဲ့ပါတယ်။

“Avatar” ဇာတ်ကားကို ၂၀၂၈ ခုနှစ်အထိ ရုပ်ရှင် ၄ ကား ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။ ထုတ်လုပ်သူ ဂျွန် လန်ဒေါင်န်က တတိယမြောက် ဇာတ်ကားကိုလည်း ဇာတ်ဝင်ခန်းအများစုကို ရိုက်ကူးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up