တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ယွမ် ၅ ဘီလီယံတန် ငွေတိုက်စာချုပ်များ ထုတ်ရောင်း

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) ဟာ ဟောင်ကောင်မှာ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေအတွက် စတုတ္ထအသုတ်အနေနဲ့ ဒီဇင်ဘာ ၇ ရက်က အမေရိကန်ဒေါ်လာ ၇၁၆ ဒသမ ၀၉ သန်းခန့် တန်ဖိုးရှိတဲ့ ယွမ် ၅ ဘီလီယံတန် ငွေတိုက်စာချုပ်တွေကို ထုတ်ရောင်းလိုက်ပါတယ်။
ခုအချိန်အထိ ဝန်ကြီးဌာနဟာ ဟောင်ကောင်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၀ ဘီလီယံဝန်းကျင် တန်ဖိုးရှိတဲ့ ယွမ်ငွေ ၂၃ ဘီလီယံဖိုး ငွေတိုက်စာချုပ် လေးသုတ်စလုံးကို အခုနှစ်ထဲမှာ ထုတ်ရောင်းထားပြီးပါပြီ။
ခုတကြိမ်မှာ ရင်းနှီးမြှုပ်နှံသူတွေဟာ ထုတ်ပေးပြီးသား ပမာဏရဲ့ ၃ ဒသမ ၅၄ ဆဖြစ်တဲ့ ငွေတိုက်စာချုပ် ယွမ် ၁၇ ဒသမ ၆၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံခန့်) အတွက် ဝယ်ဖို့ စာရင်းသွင်းထားပြီးပြီလို့ တရုတ်အစိုးရရုပ်သံက ထုတ်ပြန်ပါတယ်။
ငွေချေးစာချုပ်တွေမှာ ထုတ်ဝေစျေး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၃ ဝန်းကျင် တန်ဖိုးရှိတဲ့ ၉၉ ဒသမ ၉၉ ယွမ်တန် ၂ နှစ်စာချုပ်တွေက ယွမ် ၄ ဘီလီယံဖိုးနဲ့ ထုတ်ရောင်းစျေးနှုန်း အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၈ ဝန်းကျင် တန်ဖိုးရှိတဲ့ ၉၈ ဒသမ ၉၅ ယွမ်တန် ၁၀ နှစ်စာချုပ်တွေက ယွမ် ၁ ဘီလီယံဖိုး ပါဝင်ပါတယ်။
အမေရိကန်ဒေါ်လာ ၇၈၇ ဒသမ ၉၅ သန်းဝန်းကျင် တန်ဖိုးရှိတဲ့ ယွမ် ၅ ဒသမ ၅ ဘီလီယံဖိုး ငွေတိုက်စာချုပ်တွေ တတိယအသုတ်ကို အောက်တိုဘာ ၁၂ ရက်က ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။