close

ပုလောတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး PDF များ စတင်ဆောင်ရွက်

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်က ‌ဒီဇင်ဘာ ၉ ရက်မှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ ဘိန်းစာမှုန့် အထုပ် ၃၀၆ ထုပ်နဲ့ WYခေါ် စိတ်ကြွဆေးပြား ၄၆၀ ခန့်အပါအဝင် ကာလတန်ဖိုး သိန်း ၂၀ ကျော်ဖိုး သိမ်းဆည်းရမိတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ က သိရပါတယ်။

မူးယစ်ဆေး စစ်ဆေးရာမှာပါဝင်တဲ့ ရဲဘော်တဦးက “အဲဒီ ရွာဘက်သွားရင်း သတင်းပေးချက်အရ ရှောင်တခင်ဝင်စစ်တာ။ တခြားတော့ မလုပ်ခဲ့ဘူး။ ပထမဆုံးအကြိမ်အဖြစ် ထပ်မရောင်းဖို့ သတိပေးခဲ့တယ်။ မူးယစ်ဆေးတွေကိုတော့ သိမ်းလာပြီး မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးကို စစ်ကောင်စီနဲ့ တတန်းတည်းထားပြီး ပြည်သူ့အတွက် အန္တရာယ်ရှိစေတဲ့ အရာမှန်သမျှ တားဆီးရမယ့် တာဝန်ရှိတယ်လို့လည်း မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

နီးစပ်ရာဒေသခံ တဦးက “အခုလိုမျိုး လူငယ်တွေအတွက် အန္တရာယ်ရှိတဲ့ မူးယစ်ဆေးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တားဆီးပေးနေပြီဆိုတော့ ပိုဝမ်းသာရတာပေါ့။ စကစတွေက မူးယစ်ဆေးဝါးဖြန့်တယ်။ PDF တွေက တားဆီးတယ် အဲဒီမှာ ကွာတာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မူးယစ်ဆေးကို လက်နက်သဖွယ်အသုံးချ လိုင်စင်တွေပေးပြီး ရောင်းခိုင်း နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူးယစ်ဆေးဝါးကို ထပ်မံရောင်းချနေတာတွေ သိရှိရပါက ထိုက်သင့်တဲ့ အ‌ရေးယူမှု ဆောင်ရွက်သွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up