အာဂျင်တီးနားလက်ရွေးစင် အာလစ်စတာကို ခေါ်ယူရန် စပါးအသင်း ကြိုးပမ်း

စပါးအသင်းဟာ အာဂျင်တီးနားအသင်းမှာ ခြေစွမ်းပြနေတဲ့ ဘရိုက်တန်ကွင်းလယ်လူ အာလစ်စတာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် မက်စ်အာလစ်စတာဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့ နောက်ဆုံး ၅ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့ပြီး ၁ ဂိုးသွင်းယူကာ ခြေစွမ်းပြ ကစားနေတာပါ။
အာလစ်စတာကိုခေါ်ယူဖို့ စပါးအသင်းနည်းပြ ကွန်တီကိုယ်တိုင် သဘောကျနေပြီး တခြား ထိပ်သီးအသင်းတွေနဲ့ အပြိုင် ကမ်းလှမ်းသွားရဖို့ ရှိပါတယ်။
သူဟာ ဘရိုက်တန်နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့အပြင် လက်ရွေးစင်အသင်းနဲ့လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တာကြောင့် ပြောင်းရွှေ့ကြေး မြင့်မားစွာ အသုံးပြုရဖွယ် ရှိပါတယ်။
အာလစ်စတာကို အင်တာမီလန်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။