close

မလေးရှား အပန်းဖြေစခန်းတခုတွင် မြေပြိုသဖြင့် ၂၁ ဦးသေဆုံး၊ ၁၂ ဦး ပျောက်ဆုံးနေ

မလေးရှားနိုင်ငံက လိုင်စင်မဲ့ အပန်းဖြေစခန်းချ နေရာတခုမှာ မြေပြိုမှုကြောင့် ကလေး ၅ ဦးအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၁၂ ဦးကို ရွှံ့နွံတွေထဲမှာ ထောက်လှမ်း ရှာဖွေနေဆဲဖြစ်တယ်လို့ ဒီဇင်ဘာ ၁၇ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှာဖွေရေးလုပ်ငန်းစဉ်တွေ အခက်အခဲ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆီလန်ဂေါပြည်နယ်ရဲ့ မီးသတ်နဲ့ကယ်ဆယ်ရေးဌာန အကြီးအကဲ နိုရာဇမ်ခါမစ်ကတော့ ဒီရှာဖွေရေး လုပ်ငန်းစဉ်ကို အများဆုံး ၇ ရက်အထိ အားထုတ်ကြိုးပမ်းမှာဖြစ်ပေမယ့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိဖို့ကတော့ အခွင့်အရေးနည်းပါးနေပြီလို့ ပြောဆိုခဲ့ပါတယ်။ 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှာဖွေရေး နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညတွင်းချင်း ရပ်နားခဲ့ရပြီးနောက် ဒီဇင်ဘာ ၁၇ ရက်မနက်ပိုင်း ဂရင်းနစ်စံတော်ချိန် ၈ နာရီခွဲမှာ မြေတူးစက်တွေ၊ အနံခံ ခွေးတွေရဲ့ အကူအညီနဲ့အတူ ရှာဖွေရေးကို ပြန်လည်စတင်ခဲ့ကြောင်း နိုရာဇမ်က ဖြည့်စွက်ပြောကြားပါတယ်။ 

ကွာလာလမ်ပူမြို့ မြောက်ဘက် မိုင် ၃၀ အကွာက လူသိများထင်ရှားတဲ့ ဘ-တန်းကာလီ တောင်ကုန်းဒေသမှာ စခန်းချတဲထဲ အိပ်ပျော်နေသူတွေပေါ် ဒီမြေပြိုမှုဖြစ်ပွားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up