close

အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီ ကမ္ဘာ့ဖလား စံချိန်သစ်များထပ်တင် 

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာဂိုးသွင်းနိုင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ တပွဲရဲ့အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ အဆင့်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

မက်ဆီဟာ အုပ်စုအဆင့်မှာ ၂ ဂိုးသွင်းခဲ့ပြီး ၁၆သင်းအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာ တစ်ဂိုးစီ၊ ဗိုလ်လုပွဲမှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ဒါ့အပြင် ပြင်သစ်နဲ့ ဗိုလ်လုပွဲစဉ်မှာ ၂၆ ပွဲပြည့်ခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားသမိုင်း တလျှောက် ပွဲအများဆုံးပါဝင်ကစားတဲ့ ကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ပုံမှန်ပွဲချိန်နဲ့အချိန်ပိုမှာ ပြင်သစ်အသင်းနဲ့ ၃ ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ရပြီး ၁၉၈၆ ခုနှစ် မာရာဒိုနာခေတ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲစဉ်မှာ ဟတ်ထရစ်သုံးဂိုးသွင်းခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကတော့ ၁၉၆၆ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မက်ဆီဟာ ချန်ပီယံဆုနဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားတွေကို ပေးအပ်တဲ့ ရွှေဘောလုံးဆုတွေလည်း ရယူနိုင်ခဲ့ပြီး ဂိုးသွင်း အများဆုံးရွှေဖိနပ်ဆုကိုတော့ အမ်ဘာပေက ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up