close

တရုတ်-ရုရှား ရေတပ်စစ်ရေးလေ့ကျင့်မှု ပြီးဆုံး

အရှေ့ပင်လယ်ရေပြင်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်နဲ့ ရုရှားကြား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု “Joint Sea 2022” ဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ပြီးဆုံးပါတယ်။

ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အထိ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုကို တရုတ်နဲ့ ရုရှား စစ်တပ်ကြား နှစ်စဉ် ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်နဲ့အညီ ကျင်းပခဲ့တာပါ။

ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပင်လယ်ရေကြောင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ နိုင်ငံတကာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ ခေတ်သစ်မှာ တရုတ်-ရုရှား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။

ပိတ်ပွဲအခမ်းအနားကို မနက် ၉ နာရီခွဲမှာ ကျင်းပရာမှာ ပဲ့ထိန်းဒုံးကျည် ခရူဇာ Varyag ကို အခြေခံပြီး တရုတ်နဲ့ ရုရှားနိုင်ငံအလံတွေ ချိတ်ဆွဲထားတဲ့ သင်္ဘောတွေက ညာဘက် နှစ်ထပ် စစ်ကြောင်းကို ဖွဲ့စည်းရင်း တပ်မှူးတွေနဲ့ စစ်သည်တွေ တန်းစီလိုက်ပါလာခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုအပြီးမှာ တရုတ်ရေတပ် အမှုဆောင်ဒါရိုက်တာ ဝမ်ယုက လေ့ကျင့်ခန်း ပိတ်သိမ်းကြောင်း ကြေညာပါတယ်။ အဲဒီနောက် နှစ်နိုင်ငံတပ်မှူးတွေနဲ့ စစ်သည်တွေဟာ ဦးထုပ်တွေ ဝှေ့ယမ်းနှုတ်ဆက်ရင်း ပင်လယ်ပြင်ကနေ ထွက်သွားခဲ့ကြပါတယ်။

ခုနစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း နှစ်နိုင်ငံရေတပ် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပူးတွဲထိန်းချုပ်ရေး၊ ယာယီစစ်ဆေးရေးနဲ့ ဖမ်းဆီးရေး၊ ပူးတွဲကယ်ဆယ်ရေး၊ ပူးတွဲရေငုပ်သင်္ဘောတိုက်ဖျက်ရေးနဲ့ ပူးတွဲလေကြောင်းရန်ကာကွယ်ရေး စတဲ့ ကြိုတင်သတ်မှတ်ထားတဲ့ လေ့ကျင့်မှုတွေ ပြီးမြောက်အောင် အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up