တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်ဟု မက်ဂွဲယားချီးကျူး

အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်ကြောင်း အသင်း ဖော် မက်ဂွဲယားက ချီးကျူးသွားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေပြီး သွင်းဂိုး ၃ ဂိုး သွင်းယူထားပြီးပါပြီ။
မားကပ်ရှ်ရက်ရှ်ဖို့ဒ်ဟာ ထူးချွန်ပြီး ပါရမီရှိတဲ့ကစားသမားဖြစ် တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာနိုင်သလို ရက်ရှ်ဖို့ဒ် ကိုယ်တိုင်လည်း အဲဒီလို ဖြစ်လာဖို့ ကြိုးစားနေသူဖြစ်ကြောင်း မက်ဂွဲယားကချီးကျူးပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်ယူကလပ်အသင်းမှာတော့ အရင်ကလို ရက်ရှ်ဖို့ဒ် ပြန်မရခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ အကောင်းဆုံးပုံစံပြန်ရနေပြီဖြစ်တယ်လို့ မက်ဂွဲယားက ပြောပါတယ်။
ဆက်လက်ပြီး ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံးဆုသာရခဲ့မယ်ဆိုရင် ရက်ရှ်ဖို့ဒ်ရဲ့ အိပ်မက်တွေ ဖြစ်လာတာဖြစ်ပြီး အဲဒီဆုရရှိစေချင်ကြောင်းလည်း မက်ဂွဲယားကပြောသွားပါတယ်။