close

မုံရွာထောင်နှင့် ကလေးအကျဥ်းထောင်မှ အကျဉ်းသား ၁၅၀ ခန့် ပြန်လွတ်

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီ ၄ ရက်‌ လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး အပါအဝင် အကျဉ်းသား ၇၄ ဦး ပြန်လွတ်လာတယ်လို့ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နီးစပ်သူ ဒေသခံတဦးက‌ “ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၆၄ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်လွတ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ပြန်လွတ်လာသူ အမျိုးသား အမျိုးသမီး ၃၄ ယောက် လွတ်လာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက သူတို့အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့သူတွေကို အခါကြီးရက်ကြီး နေ့ထူး‌နေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးပေမဲ့ ၅ လ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ရတယ်လို့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၇၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ကလေးအကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ အကျဥ်းသား ၆၆ ဦးနဲ့ အကျဉ်းသူ ၁၁ ဦး၊ စုစုပေါင်း ၇၇ ဦး လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကလေးအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါတယ် ဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီက ၇၅ နှစ်ပြည့် စိန်ရတုလွတ်လပ်ရေး‌‌နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းသား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up