ဘယ်လ်ဂျီယံနည်းပြဟောင်းမာတီနက်ဇ်ကို ခန့်အပ်ရန် ပေါ်တူဂီအသင်းသဘောတူညီမှုရရှိ

ပေါ်တူဂီအသင်းဟာ လစ်လပ်နေတဲ့ အသင်းနည်းပြချုပ်ရာထူးအတွက် ဘယ်လ်ဂျီယံ နည်းပြ ဟောင်းမာတီနက်ဇ်နဲ့ အကြိုသဘောတူညီမှုရရှိထားပါတယ်။
ပေါ်တူဂီအသင်းကို ၈ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဖာနန်ဒိဆန်းတို့စ်ဟာ ကမ္ဘာ့ဖလားအပြီးမှာ အသင်းနဲ့ လမ်းခွဲသွားခဲ့တာပါ။
မာတီနက်ဇ်ဟာလည်း ဘယ်လ်ဂျီယံအသင်းကို အုပ်စုအဆင့်ကနေကျော်လွန်အောင် စွမ်း ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့သူပါ။
ဒါပေမဲ့ ပေါ်တူဂီအက်ဖ်အေဟာ စပိန်လူမျိုးနည်းပြ မာတီနက်ဇ်အပေါ် သဘောကျနေပြီး လာမယ့်တစ်ပတ်အတွင်းမှာ တရားဝင်ခန့်အပ်နိုင်ဖို့လုပ်ဆောင်နေပါတယ်။
အသက် ၄၉ နှစ်ရှိ နည်းပြမာတီနက်ဇ်ဟာ ဆွမ်ဆီး၊ ဝီဂန်၊ အဲဗာတန်အသင်းတွေကို တာဝန်ယူခဲ့ပြီး နောက် ၂၀၁၆ ခုနှစ်ကစတင်ပြီး ဘယ်လ်ဂျီယံအသင်းကိုတာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။