လိဂ်ပွဲများ ပြန်စတော့မည်ဟု အောင်ပွဲခံနေသည့် မာတီနက်ဇ်ကို မန်ယူနည်းပြ သတိပေး

ပရီးမီးယားလိဂ်ပွဲစဉ်တွေ လာတော့မယ်ဆိုတာ သတိရဖို့ အာဂျင်တီးနားနဲ့ မန်ယူအသင်းရဲ့ နောက်ခံလူ မာတီနက်ဇ်ကို နည်းပြ တန်ဟတ်ဂ်က တိုက်တွန်းလိုက်ပါတယ်။
မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကစားခွင့်မရခဲ့ပေမဲ့ အာဂျင်တီးနား နဲ့ ပွဲစဉ် ၅ ပွဲ ကစားခဲ့တာပါ။
မွေးရပ်မြေမှာ ကမ္ဘာ့ဖလားနဲ့အတူ လှည့်လည်အောင်ပွဲခံခဲ့တဲ့ မာတီနက်ဇ်အပေါ် နားလည်မှု ပေးနိုင်ပြီး ကမ္ဘာ့ဖလားဟာ အမြင့်ဆုံးအောင်မြင်မှု ဆုဖလားဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
“လီဆန်ဒရိုမာတီနက်ဇ်အနေနဲ့ ၂၇ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်ရှိတယ်ဆိုတာ သိရှိ လက်ခံထား ဖို့ လိုပါတယ်။ ဗာရန်းဟာလည်း ရှုံးနိမ့်မှုအတွက် စိတ်ပျက်နေမှာဖြစ်ပေမယ့် ဗိုလ်လုပွဲကို နောက်တစ်ကြိမ်ရောက်ခဲ့တာက ဂုဏ်ယူစရာပါ”လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဒီဇင်ဘာ ၂၂ ရက်က ဘန်လေနဲ့ လိဂ်ရူံး ထွက်ဖလားပွဲစဉ်မှာ ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီး လာမယ့်တစ်ပတ်အတွင်းမှာ ၃ ပွဲ ဆက်တိုက်ကစားသွားရမှာ ဖြစ်ပါတယ်။