close

တပွဲလုံးကစားပုံမှားယွင်းခဲ့ပြီး ဘရိုက်တန်က ပိုကောင်းသည့်အသင်းဖြစ်ဟု ဟန်ဒါဆန်ဝန်ခံ

ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ တပွဲလုံးကစားပုံမှားယွင်းခဲ့ပြီး ဘရိုက်တန်အသင်းကပို ကောင်းတဲ့အသင်းဖြစ်ကြောင်း လီဗာပူးကွင်းလယ်လူဟန်ဒါဆန်က ပြောပါတယ်။

လီဗာပူးအသင်းဟာ ဘရိုက်တန်ကို ၃ ဂိုးဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ အောက်ဆုံး အထိရောက်ရှိနေကြောင်း၊ အတူကွရှေ့ဆက်သွားဖို့လိုအပ်ကြောင်း ဟန်ဒါဆန်က ပြောပါတယ်။

“ခက်ခဲတဲ့ အခိုက်အတန့်ဖြစ်ပေမဲ့ ကျနော်တို့ အတူတကွရှိနေဖို့လိုပါတယ်။ ပြီးတော့ ပြောင်းလဲမှု တွေ စတင်လာဖို့ ကြိုးစားရမယ်။ ရှုံးပွဲအတွက် ကျနော်တာဝန်ယူပြီး အသင်းဖော်တွေကလည်း အဲဒီလိုပဲဖြစ်လိမ့်မယ်” လို့ဟန်ဒါဆန်က ပြောပါတယ်။

ဘရိုက်တန်နဲ့ပွဲက စွမ်းဆောင်ရည်ဟာ နည်းပြ ကလော့ပ်လက်အောက်မှာ အဆိုးရွားဆုံးပွဲစဉ်ဖြစ်နိုင်ပြီး အရင်ကဒီလောက်ဆိုးရွားတဲ့ပွဲစဉ်မကြည့်ဖူးကြောင်း ဟန်ဒါဆန်က ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up