ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲကြောင့် အပျက်အစီးများမြင်ကွင်း ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်

အမေရိကန်ပုဂ္ဂလိကကုမ္ပဏီ မက်ဇာတက္ကနိုလိုဂျီစ်က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံးတာတွေကို ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းဘက်မှာရှိတဲ့ ဆိုလေဒါနဲ့ ဘတ်ခ်မွတ် မြို့တွေမှာ တွေ့ရပါတယ်။
ဆိုလေဒါ သတ္တုတူးဖော်ရေးမြို့မှာ မီးလောင်နေတဲ့ အခြေချနေထိုင်ရာ နေရာတွေနဲ့ ဘတ်ခ်မွတ်မြို့မှာရှိတဲ့ လယ်ကွင်းတခုမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ ကျန်ရစ်တဲ့ ချိုင့်ကြီးတွေရဲ့ ပုံတွေကို ရိုက်ကူးခဲ့တာပါ။
ရုရှားရဲ့ ကြေးစားစစ်သားနဲ့ ကိုယ်ပိုင်စစ်တပ် ငှားရမ်းနိုင်တဲ့ ကွန်ရက်ကုမ္ပဏီ Wagner က သူ့တပ်ဖွဲ့တွေဟာ ဆိုလေဒါရဲ့ အလုံးစုံလွတ်မြောက်ရေးကို အောင်မြင်ခဲ့ပြီး ယူကရိန်း လိုလားတဲ့ တပ်ဖွဲ့ဝင် ၅၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
မြို့ရဲ့အစိတ်အပိုင်းကို ထိန်းချုပ်ဖို့ ရုရှားက အစောပိုင်းက ပြောဆိုချက်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လွန်ခဲ့တဲ့မိနစ်ပိုင်းက လှောင်ပြောင်ခဲ့ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ ပြောပါတယ်။
ဆိုလေဒါမြို့ရဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။ တကယ်လို့ ရုရှားလိုလားတဲ့ တပ်ဖွဲ့တွေက ဆိုလေဒါကို သိမ်းပိုက်အောင်မြင်ခဲ့ရင် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်စက်မှုဇုန်ကို သိမ်းပိုက်ဖို့ ရုရှအစိုးရရဲ့ တွန်းအားပေးမှု ခြေတလှမ်း သာလာမှာပါ။
ဆိုလေဒါမြို့ဟာ လပေါင်းများစွာကြာအောင် ထိန်းထားနိုင်တဲ့ အနားက ဘတ်ခ်မွတ်မြို့ကို တိုက်ဖို့ အခြေစိုက်စခန်းတခုဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်းမှာ ထောက်ပံ့ရေးလိုင်း အချက်အချာ ဖြစ်နေပါတယ်။