close

ကားထိုင်ခုံခါးပတ် မပတ်မိသဖြင့် ဒဏ်ရိုက်ခံရသည့် ဗြိတိန်ဝန်ကြီးချုပ် တောင်းပန်

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်  ရီရှီဆူးနတ်ခ်ဟာ ကားထိုင်ခုံခါးပတ်မပတ်တဲ့အတွက် ဒဏ်ရိုက်ခံရပြီး  ဒီဖြစ်ရပ်အတွက် တောင်းပန်လိုက်ပါတယ်။ 

ဗြိတိန်ဝန်ကြီးချုပ်ဟာ မောင်းနေတဲ့ကားပေါ်လိုက်ပါစီးနင်းနေတုန်း  ကားထိုင်ခုံခါးပတ် ပတ်ထားတာမရှိတာကို  ဇန်နဝါရီလ ၁၉ ရက် ဗီဒီယိုတစ်ခုထဲမှာ တွေ့ရပါတယ်။ 

ဗီဒီယိုကို ဆူးနက်ခ်ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်မှာ တင်ထားတာဖြစ်ပြီး ကား နောက်ဘက်ခြမ်းမှာထိုင်နေတဲ့ ဗြိတိန် ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးဆိုင်ရာ ဘတ်ဂျတ်အသုံးချပုံတွေကို ကင်မရာဘက်လှည့်ကာ ရှင်းပြနေတုန်း ထိုင်ခုံခါးပတ်ပတ်ထားမျိုး မတွေ့ရပါဘူး။

ဗြိတိန်အစိုးရဝက်ဘ်ဆိုဒ်ထဲမှာတော့ ထိုင်ခုံခါးပတ်မပတ်ရင် ဗြိတိန်ပေါင် ၅၀၀အထိ ဒဏ်ရိုက်ခံရနိုင်ပြီး ခရီးသည်နေရာမှာ လိုက်ပါစီးနင်းသူကတော့ ဗြိတိန်ပေါင် ၁၀၀ ဒဏ်ငွေသတ်မှတ်ထားပါတယ်။

ဒါကြောင့် ဒီအသက် ၄၂ အရွယ် ဝန်ကြီးချုပ်ဟာ ဒဏ်ကြေးအဖြစ် ဗြိတိန်ပေါင် ၁၀၀ ၀န်းကျင် ပေးဆောင်ရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးကတော့  ဒဏ်ကြေးပေးဆောင်မှာဖြစ်တဲ့အကြောင်းနဲ့  ခါးပတ်မပတ်တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ အပြည့်အဝလက်ခံတဲ့အကြောင်းနဲ့ ဒီကိစ္စအတွက် တောင်းပန်တဲ့ အကြောင်း ထုတ်ပြန်ထားပါတယ်။  

ဗြိတိန်မှာ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ယာဉ်ပေါ်မှာလိုက်ပါစီးနင်းသူတွေရဲ့ သေဆုံးမှု ၂၄ ရာခိုင်နှုန်းဟာ လုံခြုံရေးထိုင်ခုံခါးပတ် မပတ်တာကြောင့် ဖြစ်တယ်လို့  ၂၀၂၁ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ ဗြိတိန်အစိုးရအစီရင်ခံထဲမှာဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up