close

တနှစ်အတွင်း ကုမ္ပဏီ ၅,၀၀၀ ကျော်ကို မှတ်ပုံတင်ပယ်ဖျက်

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ၂၀၂၂ ခုနှစ်အတွင်း ကုမ္ပဏီပေါင်း ၅,၀၀၀ ကျော်ကို ကုမ္ပဏီ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

နှစ်စဉ်အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံခဲ့ရတဲ့ ကုမ္ပဏီအရေအတွက်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လစဉ် ကုမ္ပဏီပေါင်း ၄၀၀ ကနေ ၅၀၀ ကြားအထိရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီတွေ ပါဝင်ပါတယ်။

၂၀၂၂ ဇန်နဝါရီလအတွင်းမှာ ကုမ္ပဏီပေါင်း ၄၀၀၊ ဖေဖော်ဝါရီလမှာ ကုမ္ပဏီ ၄၀၀၊ မတ်လမှာ ကုမ္ပဏီပေါင်း ၅၀၀၊ ဧပြီလမှာ ကုမ္ပဏီ ၃၀၀၊ မေလမှာ ၅၀၀၊ ဇွန်လနဲ့ ဇူလိုင်လမှာ စုစုပေါင်း ကုမ္ပဏီ ၈၀၀၊ ဩဂုတ်လမှာ ကုမ္ပဏီ ၅၀၀၊ စက်တင်ဘာလမှာ ကုမ္ပဏီ ၄၀၀၊ အောက်တိုဘာလမှာ ကုမ္ပဏီ ၄၀၀၊ နိုဝင်ဘာလမှာ ကုမ္ပဏီ ၅၀၀၊ ဒီဇင်ဘာလအတွင်းမှာ ကုမ္ပဏီပေါင်း ၄၀၀ ပယ်ဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up