close

စစ်ကောင်စီတပ်သား ၅၇ ယောက်ကို ပစ်သတ်နိုင်ခဲ့သည့် စနိုက်ပါရဲဘော် ဆုချီးမြှင့်ခံရ

စစ်ကောင်စီတပ်သား ၅၇ ယောက်ကို ပစ်ချနိုင်ခဲ့တဲ့ PDF ရဲဘော်တယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ဇန်နဝါရီ ၂၃ ရက်မှာ စနိုက်ပါသေနတ်တလက် ဆုချီးမြှင့်ခဲ့တယ်လို့ PDF တပ်ရင်း ၃၅၀၂ ကနေ သိရပါတယ်။

PDF ၃၅၀၂ တပ်ရင်း တပ်ဖွဲ့ဝင် ကိုနွေဦးကို  Ruger 338 အမျိုးအစား စနိုက်ပါသေနတ်တလက်နဲ့အတူ  ကျည်ဆန် တတောင့်ကို ကျပ်တသိန်းလောက်တန်တဲ့ ကျည်ဆန်တွေပါ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဒေသခံ PDF ၃၅၀၂ တပ်ရင်းမှူးက “NUG ၀န်ကြီး ဦးလွင်ကိုလတ်က ပေးတာ။ တကယ်လည်းတော်တယ်။ လူကတော့အေးဆေးပဲ နေတတ်တာ။ လက်လည်း အရမ်းငြိမ်တယ်။ သူလိုမျိုး စနိုက်ပါသမား ၃၇ ယောက် စာရင်းတင်တာ။ သူ တယောက်တည်းက စစ်ကောင်စီတပ်သား ပေါင်း ၅၇ ယောက်ကို ပစ်သတ်နိုင်ခဲ့တာ။သူရှိနေတဲ့အတွက် သူ့တပ်ကလည်း အရမ်းထောက်ပံ့ကြေးတွေရတာ။ သူ့ကြောင့် မျက်နှာပွင့်တာပေါ့။ အခု ဆုကို ၀န်ကြီးက တပ်ရင်းကို လှမ်းပို့လိုက်လို့ တပ်ရင်းက တပ်မှူးက ကိုယ်တိုင်ချီးမြှင့်တာ”လို့ ပြောပါတယ်။

လက်ဖြောင့်တပ်သား ကိုနွေဦးကို  ၂၀၂၂ ခုနှစ် ဇူလိုင် ၁၄ ရက်ကလည်း  KNDO အဖွဲ့က စနိုက်ပါ ပွိုင့်တူးတူးသေနတ်တလက်  ဆုချီးမြှင့်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up