close

မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စခန်းကို တော်လှန်ရေးတပ်များတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၈ ဦးသေ(ရုပ်သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရေစက်စခန်းအတွင်းကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ပြည်သူ့အားမာန်၊ MUGDF၊ မိုးကြိုး (GOBA)၊TYK ပျောက်ကြားတပ်ဖွဲ့၊ PPDF၊ နွေဦးညီနောင်၊ Young Force၊ တပ်ရင်း(703)၊ ကျားသစ်နက် တပ်ခွဲ (3)၊ ဇာမဏီ တပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ KMDF နဲ့ BO Kan မဟာမိတ်တပ်တွေ စုပေါင်းတိုင်ပင်ပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြာမြင့်ချိန် ၃၅ မိနစ်လောက်အတွင်း ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပေမယ့် ကိုင်းတောမ ရဲစခန်းဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီးတော့ ပြည်သူ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကိုင်းတောမရွာ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအားလုံး အသုံးပြုခဲ့တဲ့ ကျည်ပေါင်း ၆၆၂ တောင့်ထိ ရှိခဲ့ပြီး လတ်တလောမှာတော့ လက်နက်အကြွေးကျပ်ငွေသိန်း ၂၀ လောက်ရှိနေတာမို့ ရှေ့ဆက် တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နိုင်ဖို့ အခက်အခဲရှိနေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ အကူအညီပေးကြဖို့အတွက်လည်း မေတ္တာရပ်ခံထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up