close

ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော် ၁ ဦး စစ်ကိုင်း ရှေ့တန်းစစ်မျက်နှာတွင် ကျဆုံး

ကျောင်းသားလက်ရုံးတပ်တော် ရဲဘော်တယောက်ဖြစ်တဲ့ ရဲဘော် ရဲထွန်းဟာ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းအတွင်းရှေ့တန်း စစ်မျက်နှာတခုမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်၊ ဗဟိုဌာနချုပ်၊ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာနက ထုတ်ပြန်ချက်မှာတော့ ရှေ့တန်းစစ်မျက်နှာမှာ အဖိနှိပ်ခံလူထုနဲ့ တော်လှန်ရေးကို မျက်နှာမူပြီး ကျောင်းသားလက်ရုံးတပ်တော်က ပေးအပ်လာတဲ့ အမိန့်နဲ့တာဝန်တွေကို မမှိတ်မသုန် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ရဲဘော် ရဲထွန်းရဲ့ ကျဆုံးမှုကို လေးမြတ်စွာ ဦးညွှတ် အလေးပြုအပ်ကြောင်းလည်း ဖော်ပြထားပါ တယ်။

ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတော်အောက်မှာ ကျောင်းသားလက်ရုံးတပ်တော်နဲ့အတူ တိုက်ပွဲဝင်နေကြသူတွေထဲမှာ တက္ကသိုလ်ကျောင်းသား ရဲဘော်တွေသာမကဘဲ အမှန်တရားအတွက် အသက်ပင် ပဓာဏမထား တော်လှန်တိုက်ပွဲဝင်ကြမယ့် ကျောင်းသားစိတ်ဓာတ်ရှိသူ ဘယ်သူမဆို အမှုထမ်းဆောင်နိုင်မယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ‌

လတ်တလောမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။ နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up