ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကိုခေါ်ယူနိုင်ရန် အာဆင်နယ် ဆက်လက်ကြိုးပမ်း

အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကိုခေါ်ယူနိုင်ရေး ဆက်လက်ကြိုးပမ်း နေပါတယ်။
အီကွေဒေါကွင်းလယ်လူအတွက် အာဆင်နယ်အသင်းက ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဘရိုက်တန်အသင်းက လက်မခံခဲ့ဘူးလို့သိရပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးအသင်းနဲ့ အပြိုင်ဖြစ်နေတာကြောင့် အာဆင်နယ်ဘက်က ပြောင်းရွှေ့ကြေး တိုးမြှင့်ပြီးကမ်းလှမ်းဖို့ရှိတယ်လို့ဆိုပါတယ်။
ကိုင်စီဒိုကိုယ်တိုင်ကလည်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ပြန်လည်ကစားခွင့်ရဖို့ရှိတဲ့ အာဆင်နယ် အသင်းဆီကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် ဘရိုက်တန်အသင်းကိုတောင်းဆိုဖို့ရှိတယ်လို့ သတင်းထွက် ပေါ်လာခဲ့တာပါ။
အသက် ၂၁ နှစ်ရှိ ကွင်းလယ်လူ ကိုင်စီဒိုအတွက် ဘရိုက်တန်အသင်းဘက်က ပေါင် သန်း၈၀ အထိအလိုရှိနေတယ်လို့သိရပါတယ်။
အာဆင်နယ်အသင်းမတိုင်ခင် ချဲလ်ဆီးကလည်း ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဘရိုက်တန်အသင်းက ပယ်ချခဲ့တယ်လို့သိရပါတယ်။