မြောက်ကိုရီးယားက နျူးကလီးယားထိပ်ဖူးတပ် ဒုံးကျည်အများအပြား ပြသ

နျူးကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားနိုင်ငံဟာ ညဘက် စစ်ရေးပြပွဲအတွင်း သူ့သမိုင်းမှာ အများဆုံး နျူးကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေ ခင်းကျင်းပြသခဲ့တာကို အစိုးရရုပ်သံက ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားက ခင်းကျင်းပြသခဲ့တဲ့ ဒုံးကျည်တွေထဲမှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBMs) တွေကို အရင်က မကြုံစဘူး ပမာဏအများဆုံး ပြသခဲ့ပြီး လောင်စာခဲသုံး လက်နက်အသစ်ကိုပါ အရိပ်အမြွက် ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ စစ်တပ်တည်ထောင်ခြင်း ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် စစ်ရေးပြပွဲကို မြို့တော် ပြုံယမ်းမှာ ဖေဖော်ဝါရီ ၈ ရက်က ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့တာလို့ အစိုးရရုပ်သံ KCNA က ကြေညာပါတယ်။
ခေါင်းဆောင် ကင်မ်ဂျုံအန်းက သမီးဖြစ်သူနဲ့အတူ အခမ်းအနားကို တက်ရောက်ခဲ့ပြီး သူ့ကိုတော့ အာဏာရှင်စနစ်အတွင်း အနာဂတ်ခေါင်းဆောင် အခန်းကဏ္ဍအတွက် ရှုမြင်ထားကြပါတယ်။
ICBMs ဒုံးကျည်တွေကို မြောက်ကိုရီးယားရဲ့ အကြီးမြတ်ဆုံး နျူးကလီးယား တိုက်ခိုက်ရေး စွမ်းရည်အဖြစ် KCNA က ပြောပါတယ်။ ဗျူဟာမြောက် နျူးကလီးယားစစ်တပ်ကို ခင်းကျင်းပြသတဲ့ စစ်ရေးပြပွဲလို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ အကြီးဆုံး ICBMs ဖြစ်တဲ့ ဟွာဆောင် 17s ဒုံးကျည် ၁၁ စင်းကို ခင်းကျင်းပြသခဲ့တာပါ။ ဒီလက်နက်ဟာ နျူးကလီးယားထိပ်ဖူး တပ်လျက်သား တကမ္ဘာလုံးက ဘယ်နေရာတိုင်းကိုမဆို ရောက်နိုင်တယ်လို့ သံသယရှိထားကြပါတယ်။