close

ချန်ပီယံဖြစ်ရန် မန်စီးတီးအပြစ်ပေးခံရသည့်အပေါ် အားမကိုးဟု အာတီတာ ပြော

အာဆင်နယ်အသင်းချန်ပီယံဖြစ်ဖို့ မန်စီးတီးအသင်းအပြစ်ပေးခံရမယ့်အပေါ် အားကိုးဖို့ မလိုအပ်ကြောင်း နည်းပြ အာတီတာက ပြောပါတယ်။ 

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် အရေးယူခံရဖို့ရှိနေပြီး အမှတ်လျော့ ပြစ်ဒဏ်ချမှတ်ခံရဖို့ နီးစပ်နေတာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ မန်စီးတီးအသင်း အပြစ်ပေးခံရမယ့်အပေါ် အားကိုး နေစရာမလိုဘဲ ကိုယ့်အလုပ်ကိုဆက်လုပ်ပြီး ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းကြရုံသာ ရှိကြောင်း ပြောပါတယ်။ 

“ချန်ပီယံဖြစ်ဖို့အတွက် ကိုယ်လုပ်နိုင်တဲ့ အရာတွေနဲ့ လုံလောက်တဲ့ နိုင်ပွဲတွေရရှိဖို့ပဲ ပစ်မှတ်ထား သွားရမှာဖြစ်တယ်”လို့ နည်းပြ အာတီတာက ပြောပါတယ်။ 

ဒါ့အပြင် မန်စီးတီးအသင်းရဲ့အခြေအနေကို မှတ်ချက်မပေးလိုကြောင်းနဲ့ မန်စီးတီးမှာရှိစဉ်က အသင်းဘက်က မသမာတဲ့ လုပ်ရပ်မရှိခဲ့ကြောင်း သတင်းထောက်တစ်ဦးရဲ့အမေးကို နည်းပြ အာတီတာက ပြန်လည်ဖြေကြားသွားပါတယ်။ 

Up