ဘီလာရုစ်နယ်စပ်တွင် ယူကရိန်း စစ်ရေးလေ့ကျင့်

ယူကရိန်းအစိုးရဟာ ဘီလာရုစ်နိုင်ငံနဲ့ နယ်စပ်က ရိဗ်ဒေသအတွင်း ဖေဖော်ဝါရီ ၁၁ ရက်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
စစ်ဝန်ထမ်းတွေဟာ အဆောက်အအုံတွေကို သိမ်းပိုက်တာ၊ ရန်သူရဲ့ ယာဉ်တန်းတွေကို ဟန့်တားတာ၊ လေထီးတပ်တွေကို တိုက်ခိုက်တာနဲ့ အတိမ်းအစောင်းမခံတဲ့ ပစ်မှတ်တွေကို ကာကွယ်တာတွေကို လေ့ကျင့်ခဲ့ ကြပါတယ်။
ရုရှားပြည်ထောင်စုရဲ့ ရန်လိုမှုကနေ ကာကွယ်ချိန်မှာ ကျနော်တို့ ရထားတဲ့ အတွေ့အကြုံတွေကို သုံးမယ်လို့ ယူကရိန်း ပူးပေါင်းတပ်ရဲ့ စစ်ဦးစီးမှူး ဆာဟီးယား နာယက်ဗ်က ပြောပါတယ်။
အစောပိုင်းကတော့ ရုရှားတပ်တွေဟာ သူ့ရဲ့ မဟာမိတ် ဘီလာရုစ်ကနေ ယူကရိန်း အနောက်မြောက်ဘက်ကို တိုက်ဖို့ ကြိုးစားနိုင်တယ်လို့ ယူကရိန်း အရာရှိတွေက ပြောခဲ့ပါတယ်။
ဒါပေမယ့် အဲဒီနေရာမှာ တပ်ဖွဲ့တွေ လုံလောက်အောင် မရှိနေတာ ရှင်းနေလို့ အဲဒီ လမ်းကြောင်း ကနေ လာနိုင်စွမ်း ရှိမယ်ဆိုတာ သံသယ ရှိတယ်လို့ အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ အကြီးအကဲ အိုလက်ခ်စီ ဒါနီလာ့ဗ်က ပြောခဲ့ပါတယ်။