နိုင်ငံသားအားလုံးအတွက် အလုပ်လုပ်နေခြင်းဖြစ်ဟု သမ္မတ ဘိုင်ဒင် ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူဟာ အမေရိကန်နိုင်ငံသားအားလုံးအတွက် အလုပ်လုပ်နေတာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်က အိမ်ဖြူတော်မှာ ညစာစားပွဲမတိုင်ခင် တက်ရောက်လာသူတွေကို ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့ဟာ ညစာစားပွဲအတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။
ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီ နှစ်ရပ်ကြား ကွဲပြားမှုကို ရည်ညွှန်းဟန်ရှိတဲ့ လမ်းကြောင်းတဖက်တချက်ဆီက သူတွေကိုလည်း အတူတကွ ပူပေါင်းလုပ်ဆောင်ကြဖို့ ဘိုင်ဒင်က တိုက်တွန်းခဲ့ပါတယ်။
“အယောက်စီတိုင်းအတွက် သမ္မတဖြစ်တယ်ချင်တယ်လို့ပဲ ကျနော် ပြောခဲ့တာပါ။ အပြာရောင်ပြည်နယ်အတွက် မဟုတ်သလို အနီရောင်ပြည်နယ်အတွက်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ လူတိုင်းအတွက်ဖြစ်ပါတယ်။ ကျနော်တို့ အတူတကွ လက်တွဲလုပ်ဆောင်တဲ့အခါ အလုပ်ပိုမိုပြီးမြောက်နိုင်ပါတယ်” လို့ ဘိုင်ဒင်က ပြောသွားတာပါ။
အခြေခံအဆောက်အအုံဆိုင်ရာ ဥပေဒလိုမျိုး နှစ်ဖက် သဘောတူညီချက်တွေက “လာမယ့် ၁၀ နှစ်တာကာလအတွင်း နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်”လို့ သူက ဖြည့်စွက်ပြောပါတယ်။
ညစာစားပွဲကို တက်ရောက်လာသူတွေထဲမှာ အမေရိကန်ဒုသမ္မတ ကမ်မလာ ဟားရစ် အပါအဝင် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဇနီးသည်တွေအပြင် သမ္မတအကြံပေးတွေလည်း ပါဝင်ခဲ့ပါတယ်။