close

ရက်ရှ်ဖို့ဒ်ကို သတိထားကစားသွားရမည်ဟု ဘာစီလိုနာနည်းပြပြော

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အန္တရာယ်ပေးနိုင်သူဖြစ်လို့ သတိထားယှဉ်ပြိုင် ကစားသွားရမယ် လို့ ဘာစီလိုနာနည်းပြ ဇာဗီက ပြောပါတယ်။

ဘာစီလိုနာနဲ့ မန်ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်အနေနဲ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာယှဉ်ပြိုင်သွားရမှာပါ။

ဘာစီလိုနာနည်းပြ ဇာဗီကတော့ ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ အလွန်အန္တရာယ်ရှိတဲ့ ကစားသမားဖြစ်လို့ သတိထားကစားသွားရမှာဖြစ်ကြောင်း၊ သူဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အန္တရာယ်အရှိနိုင်ဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း ဇာဗီက ပြောပါတယ်။

ဒါ့အပြင် နည်းပြတန်ဟတ်ဂ်ကိုလည်း ခမ်းနားကြီးကျယ်တဲ့ နည်းပြဖြစ်သလို စိတ်လှုပ်ရှားစရာ နည်းပြလည်းဖြစ်ကြောင်း၊  ဘာစီလိုနာအတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်ကြောင်း နည်းပြဇာဗီက မှတ်ချက်ပေးခဲ့တာပါ။

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီးမှာ ကစားခဲ့တဲ့ ပွဲစဉ် ၁၅ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။

Up