close

အယ်လ်နာဆာမှ မထွက်ခွာရန် ရော်နယ်ဒို တိုက်တွန်းခဲ့ကြောင်း အဘူဘာကာ ပြော

ဆော်ဒီကလပ် အယ်လ်နာဆာကနေ မထွက်ခွာဖို့ စီရော်နယ်ဒိုက တိုက်တွန်းခဲ့ကြောင်း တိုက်စစ်မှူး အဘူဘာကာက ပြောပါတယ်။

ကင်မရွန်းတိုက်စစ်မှူးဟာ ရော်နယ်ဒို ရောက်ရှိလာတာကြောင့် ဆော်ဒီလိဂ်ရဲ့ နိုင်ငံခြားသား ကစားသမား ကန့်သတ်မှုနဲ့အတူ အသင်းကနေ ထွက်ခွာခဲ့ရတာပါ။

စီရော်နယ်ဒိုက မိမိကို အသင်းမှာဆက်ရှိဖို့ ဆန္ဒရှိခဲ့ပြီး အသင်းကနေ မထွက်ခင်မှာ ရော်နယ်ဒိုနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ အဘူဘာကာက ပြောပါတယ်။

“သူက ကျနော့်မိသားစု ဘယ်မှာနေတာလဲလို့ မေးတော့ ပြင်သစ်မှာလို့ ကျနော်ကပြောခဲ့တယ်။ ဒါကြောင့်လည်း တူရကီဆီသွားဖို့ ရွေးချယ်ခဲ့တာပါ။ မိသားစုနဲ့နီးတာက ပိုကောင်းပြီး ဝေးနေမယ်ဆိုရင် ရှုပ်ထွေးလာနိုင်ကြောင်း စီရော်နယ်ဒိုက ပြောခဲ့တယ်” လို့ အဘူဘာကာက ပြောပါတယ်။

ရော်နယ်ဒို အသင်းကိုရောက်ရှိလာချိန်မှာ အသင်းတာဝန်ရှိသူတွေက ရုံးခန်းခေါ်ပြီး ဆွေးနွေးခဲ့ကြောင်း၊ ရုတ်တရက်ဖြစ်ပေါ်လာတဲ့အတွက် အနည်းငယ်တော့ စိတ်ပျက်မိပေမဲ့ ရော်နယ်ဒို ရောက်လာလို့ ပွဲထွက်ခွင့်နည်းလာမှာလည်း သိမြင်တာကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အဘူဘာကာက ပြောသွားပါတယ်။

Up