close

ထိုင်ဝမ်ကို တရုတ်အရာရှိအဖွဲ့ သွားရောက်

ထိုင်ဝမ်ရေလက်ကြားတလျှောက် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာချိန်မှာ  တရုတ်အရာရှိ အဖွဲ့တဖွဲ့ ထိုင်ဝမ်ကို သုံးနှစ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်က ပထမဆုံး ရောက်လာခဲ့ပါတယ်။

ထိုင်ဝမ်အစိုးရရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးက ရှန်ဟိုင်းရုံးရဲ့ လက်ထောက်အကြီးအကဲ လျူရှောင်တုန်း ဦးဆောင်တဲ့ အရာရှိခြောက်ဦးရဲ့ ခရီးစဉ်ကို ခုသီတင်းပတ်မှာ ထိုင်ပေအစိုးရက ခွင့်ပြုခဲ့ပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေးလိုလားသူ တဒါဇင်လောက်ပါတဲ့ လူတစုဟာ လေဆိပ်အပြင်ဘက်ကို ရောက်လာပြီး “ထိုင်ဝမ်နှင့် တရုတ်၊ သီးခြားနိုင်ငံတွေ”၊ “တရုတ်တွေ ထွက်သွားပါ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

လေဆိပ်အပြင်ဘက်မှာ တရုတ်လိုလားသူ အုပ်စုငယ်တစုက လေဆိပ်လမ်းပေါ် ရှိနေချိန်မှာ တရုတ်အရာရှိတွေကို အော်ဟစ်ကြိုဆိုခဲ့ကြပါတယ်။

ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က အာဏာရလာပြီးတဲ့နောက် ထိုင်ဝမ်အစိုးရနဲ့ စကားပြောဖို့ တရုတ်က ငြင်းဆိုခဲ့ပြီး သူဟာ ခွဲထွက်ရေးသမားတဦးဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

ကပ်ရောဂါကြောင့် အနှောင့်အယှက် မဖြစ်ခင်အထိ တမြို့မှတမြို့ ကူးလူးဆက်ဆံမှုတွေ ဆက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ချိုင်ရဲ့ အုပ်ချုပ်ရေးက တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှုရရှိစေဖို့ ရည်ရွယ်ပြီး ကူးစက်ရောဂါနဲ့ ဆက်စပ်တဲ့ နယ်စပ်ထိန်းချုပ်မှုတွေကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ရုပ်သိမ်းလိုက်ပါတယ်။ အထိခိုက်မခံတဲ့ လူအချင်းချင်း ချိတ်ဆက်မှုတွေကို ပြန်ဖွင့်ဖို့ သတိကြီးကြီးထားပြီး ကြိုးပမ်းနေပါတယ်။

Up