close

ဘာစီလိုနာကို အနိုင်ယူရန် အကောင်းဆုံးခြေစွမ်းထုတ်ပြရန်လိုအပ်ဟု တန်ဟတ်ဂ်ပြော

ဘာစီလိုနာအသင်းကို အနိုင်ယူဖို့အတွက် အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်ဖို့လိုအပ်ကြောင်း အသင်းသားတွေကို နည်းပြတန်ဟတ်ဂ်က တိုက်တွန်းပါတယ်။

မန်ယူအသင်းဟာ ပထမအကျော့ နူးကမ့်ကွင်းမှာတုန်းက ၂ ဂိုး စီသရေကစားနိုင်ခဲ့ပြီး ဒီကနေ့ည ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်မှသာ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာပါ။

နည်းပြတန်ဟတ်ဂ်ကတော့  ဘာစီလိုနာလို အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ရာမှာ အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်မှာသာ မျှော်လင့်ချက်ရှိနိုင်ပြီး အဲဒီလိုမဟုတ်ရင်တော့ အနိုင်ရဖို့ အခွင့်အရေးရှိမှာ မဟုတ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ ညစာအတူစားသုံးခဲ့ပြီး အသင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံဗဟုသုတတွေ နားထောင်ခဲ့ရတာဟာ ကြီးမားတဲ့ပျော်ရွှင်မှုရရှိစေကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

Up