ချန်ပီယံဆုအကြောင်း မစဉ်းစားချင်သေးကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်ပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ပတ်သက်ပြီး မစဉ်းစားချင်သေးကြောင်းမန်ယူနည်းပြ တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ပွဲစဉ်မှာ လက်စတာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ထက်တစ်ပွဲပိုကစားပြီး ၅ မှတ်ပဲ ကွာဟနေတာပါ။
ဒုတိယနေရာကမန်စီးတီးနဲ့လည်း ၃ မှတ်သာ ကွာဟတော့တာဖြစ်ပေမယ့် ချန်ပီယံ ဆုဖလားအကြောင်း မစဉ်းစားချင်သေးဘဲ နောက်လာမဲ့ပွဲစဉ်ကိုပဲ အာရုံစိုက်ချင်ကြောင်း နည်းပြတန် ဟတ်ဂ်က ပြောခဲ့တာပါ။
ကြာသပတေးနေ့မှာကစားရမယ့် ဘာစီလိုနာနဲ့ ယူရိုပါလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်က ပွဲကြီးပွဲကောင်းဖြစ်လာမှာဖြစ်ပြီး အိမ်ကွင်းပရိသတ်တွေအတွက် နိုင်ပွဲရဖို့ ကြိုးပမ်း သွားရမှာဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဘာစီလိုနာနဲ့ပွဲအပြီးမှာ နယူးကာဆယ်နဲ့ လိဂ်ဖလားဗိုလ်လုပွဲလည်း ကစားသွားရဦးမှာဖြစ်ပါတယ်။