ဘရာဇီးတွင် မိုးသည်းထန် မြေပြိုပြီး လူ ၈ ဦး သေဆုံး

21
ဘရာဇီးနိုင်ငံ၊ မနောင့်စ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုပြီး လူ ၈ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက မတ် ၁၃ ရက်မှာ ပြောပါတယ်။
သေဆုံးသူတွေထဲက ၄ ဦးဟာ အရွယ်ရောက်ပြီးသူတွေဖြစ်ပြီး ကျန် ၄ ဦးဟာ ကလေးငယ်တွေ ဖြစ်ကြောင်း အယ်မဇွန်နာ့စ် ပြည်နယ်အစိုးရက ပြောကြားခဲ့ပါတယ်။
ဗီဒီယိုဖိုင်မှာ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ အပျက်အစီးတွေကြားက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ မတ် ၁၃ ရက် အစောပိုင်းမှာ အတူတကွ လုပ်ဆောင်နေတာကို ပြသထားပါတယ်။
ဒေသတွင်းမီဒီယာတွေမှာ အသက်ရှင်ကျန်ရစ်သူ ၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။