close

တရုတ်သမ္မတ ရှီကျင့်ဖျင် မော်စကိုတွင် ရုရှားခေါင်းဆောင် ပူတင်နှင့် တွေ့ဆုံ၊ ယူကရိန်းအရေး ဆွေးနွေး

ရုရှားမြို့တော် မော်စကိုကို မတ်လ ၂၀ ရက်က ရောက်လာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရောက်ရောက်ချင်းမှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အပြန်အလှန် ဆက်ဆံရေးနဲ့ ယူကရိန်း အကျပ်အတည်း အပါအဝင် အရေးကိစ္စတွေအပေါ် အမြင်တွေကို နက်နက်ရှိုင်းရှိုင်း ဖလှယ် ဆွေးနွေးခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းအရေးကို နိုင်ငံရေးအရဖြေရှင်းဖို့ တရုတ်ရဲ့ အခန်းကဏ္ဍ စာတမ်းကို သေသေချာချာ လေ့လာခဲ့ပြီးပြီ၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေကို လမ်းဖွင့်ထားတယ်လို့ ပူတင်က ပြောပါတယ်။

ရုရှားဟာ ဒီအရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ဖို့ တရုတ်ကို ကြိုဆိုတယ်လို့ ပြောပါတယ်။

လာမယ့်နှစ်တွေမှာ ညှိနှိုင်းဆောင်ရွက်မယ့် တရုတ်-ရုရှား အားလုံးပါဝင်တဲ့ ဗျူဟာမြောက် မိတ်ဘက်ဖြစ်မှုအတွက် အသေးစိတ် စီမံချက်အသစ်တရပ် ရေးဆွဲဖို့ လာမယ့်နေ့မှာ တရားဝင် ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့ မျှော်လင့်ထားတယ်လို့ နှစ်နိုင်ငံခေါင်းဆောင်တွေက ပြောပါတယ်။

ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရှီကျင့်ဖျင်ဟာ ၃ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရုရှားမြို့တော် မော်စကိုကို တနင်္လာနေ့မှာ ရောက်လာတာ ဖြစ်ပါတယ်။

Up