close

ဂိုးမသွင်းနိုင်ခဲ့တာက ရှုံးပွဲတွေ့ခဲ့ရတဲ့ အဖြေဖြစ်ကြောင်း ချဲလ်ဆီးနည်းပြပေါ်တာပြော

မနေ့ညကကန်သွားတဲ့ ဗီလာအသင်းနဲ့ပွဲစဉ်မှာ အခွင့်အရေးတွေရပေမဲ့ ဂိုးမသွင်းနိုင်ခဲ့တာက ရှုံးပွဲတွေ့ခဲ့ရတဲ့ အဖြေ ဖြစ်ကြောင်း ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာကပြောသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗီလာဘက်ကို ဂိုးပါက်ကန်သွင်းချက် ၂၇ ကြိမ်အထိရရှိခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ 

အက်စတန်ဗီလာဘက်ကတော့ ဂိုးကန်သွင်းချက် ၅ ကြိမ်သာရရှိခဲ့ပေမဲ့ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂ဂိုး ဂိုးမရှိနဲ့ ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့တာပါ။

ဗီလာအသင်းကိုရှုံးနိမ့်ခဲ့တာဟာ ကစားသမားတွေကြိုးစားအားထုတ်မှုနဲ့ မသက်ဆိုင်ပေမဲ့ သေးငယ်တဲ့ အခိုက်အတန့်တွေမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ရဖို့တော့ လိုအပ်ကြောင်း နည်းပြပေါ်တာကပွဲအပြီးမှာ ပြောပါတယ်။

ဒါပေမဲ့ရှုံးပွဲ အတွက် ဘယ်သူ့ကိုမှ ပြစ်တင်စရာမလိုအပ်ဘဲ  နည်းပြချုပ်ဖြစ်တဲ့ သူကိုယ်တိုင် တာဝန်ယူမှာဖြစ်ကြောင်း နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အတူတကွရှိနေဖို့လို အပ်ကြောင်းနည်းပြပေါ်တာက ပြောသွားပါတယ်။

Up