close

အမေရိကန်ခရီးစဉ်တွင် ဒေါ့မွန်အသင်းနှင့် ခြေစမ်းမည်ဟု မန်ယူအသင်း ထုတ်ပြန်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီခြေစမ်းခရီးစဉ်မှာ အမေရိကန်နိုင်ငံကိုသွားရောက်မှာ ဖြစ်ပြီး ဒေါ့မွန်အသင်းနဲ့ ခြေစမ်းပွဲကစားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့် ဇူလိုင် ၃၀ ရက်မှာ အမေရိကန်နိုင်ငံ လစ်ဗီးဂတ်မြို့မှာ ဒေါ့မွန်အသင်းနဲ့ ခြေစမ်းမှာပါ။ 

၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံမှာ ဒေါ့မွန်နဲ့ ခြေစမ်းကစားပြီးနောက်ပိုင်း ရာသီကြိုခြေစမ်းပွဲမှာ ဒေါ့မွန်နဲ့ ပြန်လည်တွေ့ဆုံတာပါ။ 

ဒါ့အပြင် ဝေးလ်ကလပ် ဝရတ်ဆမ်အသင်းအပြင် နောက်ထပ် အတည်မပြုနိုင်သေး တဲ့အသင်းတစ်သင်းနဲ့လည်း အမေရိကန်ခရီးစဉ်မှာခြေစမ်းမှာပါ။

မန်ယူအသင်းဟာ နည်းပြမော်ရင်ညို လက်ထက် ၂၀၁၈ ခုနှစ်က အမေရိကန်နိုင်ငံကို ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် နောက်ဆုံးအကြိမ်သွားရောက်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ၅ နှစ်အကြာမှာ နောက်တစ်ကြိမ်ပြန်လည်သွားရောက်တာ ဖြစ်ပါတယ်။ 

Up