close

အာဆင်နယ်အသင်းဆီသာ ဒက်ကလန်ရိုက် ပြောင်းရွှေ့သင့်ဟု အင်ဒီကာရိုးလ်တိုက်တွန်း

အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်အနေနဲ့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့သင့်ကြောင်း  တိုက်စစ်မှူး အင်ဒီကာရိုးလ်က သုံးသပ်ပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းမှာ ကစားနေတာပါ။

ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်အနေနဲ့  ထိပ်တန်းအသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း၊ ချဲလ်ဆီး၊ မန်ယူနိုက်တက်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ပြီး အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြောင်း ကာရိုးလ်ကသုံးသပ်ပါတယ်။

ဒါ့အပြင် သူဟာ အာဆင်နယ်အသင်းပရိသတ်မဟုတ်ပေမဲ့ နည်းပြအာတေတာရဲ့ ကစားသမားတွေအပေါ် ကစားခိုင်းတဲ့ပုံစံဟာ ကောင်းမွန်ပြီး အသက်အရွယ်ရလည်း အငယ်ဆုံးအသင်းဖြစ်ကြောင်း အင်ဒီကာရိုးက သုံးသပ်သွားပါတယ်။ 

Up