close

တောင်ကိုရီးယားတွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ချခံရသူ ၁၆,၀၀၀ ကျော်အထိ မြင့်တက်လာ

တောင်ကိုရီးယားနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ ဦးရေဟာ ၂၀၁၅ ခုနှစ်မှာ ၁၂,၀၀၀ ဝန်းကျင်ရှိရာက ၂၀၂၁ ခုနှစ်တွင် ၁၆,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ ရှေ့နေချုပ်ရုံးကဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ ၆၀ ရာခိုင်နှုန်း နီးပါးဟာ အသက် ၃၉ နှစ်အောက် ဒါမှမဟုတ် ငယ်ရွယ်သူတွေဖြစ်ပြီး ဆယ်ကျော်သက် ပြစ်မှုကျူးလွန်သူ အရေအတွက်ဟာ  ၂၀၂၀-၂၁ ခုနှစ်မှာတော့ ၄၄ ရာခိုင်နုန်းအထိ ခုန်တက်သွားခဲ့ပါတယ်။

မကြာသေးမီလတွေအတွင်း၊ ဆုရမင်းသား ယိုးအာအင်းနဲ့ နိုင်ငံ့ဦးဆောင် စီးပွားရေးခေါင်းဆောင် မျိုးဆက်တယောက်တို့ဟာ တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲမှုစွဲချက်နဲ့ ဖမ်းဆီးအရေးယူ ခံခဲ့ရ ပါတယ်။

အာဏာပိုင်တွေက ဖြိုခွင်းမှုအရှိန်မြှင့်ပြီး အကောက်ခွန်စည်းကြပ်မှုကို အားကောင်းစေခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ တရားမဝင် မူးယစ်ဆေးဝါး စုစုပေါင်း ပမာဏဟာ တစ်နှစ်အတွင်း ၁ ဒသမ ၃ တန်အထိ  စံချိန်တင်မြင့်တက်လာပြီး ၂၀၂၁ ခုနှစ်ကထက် သုံးဆ တိုးလာခဲ့တာပါ။

မှောင်ခိုကွန်ယက်တွေကို နိုင်ငံစုံ စုံစမ်းစစ်ဆေးမှုတွေ တစ်စိတ်တစ်ပိုင်းကြောင့်ဖြစ်တယ်လို့ အစိုးရရှေ့နေတွေရဲ့ အချက်အလက်တွေက ဆိုပါတယ်။

မက်သ်၊ ကိုကင်းနဲ့ ဆေးခြောက်တို့က ဖမ်းဆီးရမိမှုရဲ့ ၈၅ ရာခိုင်နှုန်းဝန်းကျင်မှာ ပါနေပေမဲ့ အာဏာပိုင်တွေက မော်ဖင်းထက် အဆ ၁၀၀ ပိုအားကောင်းတဲ့ ဖန်တနောလို ဓာတု ကာနာဘီနွိုက်ဒ်နဲ့ အိုဖီအိုရိတ်စ်လို တားမြစ်ဆေးတွေကိုပါ ဖမ်းမိလာပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇ၀တ်မှုတွေက ပိုရှုပ်ထွေးလာတယ်လို့ နိုင်ငံရပ်ခြားက သံသယဖြစ်ဖွယ် ပါဆယ်ထုပ်တွေကို စစ်ဆေးပြီးတဲ့နောက် အင်ချွန်းဒေသ အကောက်ခွန်ဌာန အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

တောင်ကိုရီးယားမှာ မူးယစ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ပြစ်မှုကျူးလွန်သူအများစုဟာ ဆိုင်းငံ့ထောင်ဒဏ်တွေနဲ့ မဖြစ်မနေ မူးယစ်ဆေးဝါး ပညာပေးမှုကို နာရီ ၄၀ အထိရရှိလေ့ရှိပြီး သူတို့ကို မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းရှင်းဖို့ ကူညီပေးတာ နည်းနည်းသာရှိတယ်လို့ ဆေးဖြတ်ခဲ့ဖူးသူ တဦးက ပြောပါတယ်။

Up