ချဲလ်ဆီးတိုက်စစ်ပိုင်းက ဂိုးရရန် အရေးအပါ်လိုအပ်နေဟု နည်းပြလမ်းပတ် ပြော

3
ချဲလ်ဆီးအသင်းတိုက်စစ်ပိုင်းဟာ သွင်းဂိုးရဖို့ အရေးပေါ်လိုအပ်နေတယ်လို့ အသင်းနည်းပြ လမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ နောက်ဆုံး ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပြီး နိုင်ပွဲလည်းပျောက်ဆုံးခဲ့တာပါ။
တိုက်စစ်ကစားသမားတွေအနေနဲ့ ယုံကြည်မှုပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း၊ အဓိကအရေးကြီးဆုံးကတော့ လေ့ကျင့်ရေးမှာ ဂိုး သွင်းသေချာအောင် လုပ်ဆောင်ဖို့ဖြစ်ကြောင်း လမ်းပတ်ကပြောပါတယ်။
တိုက်စစ်ပိုင်းက သွင်းဂိုး တစ်ဂိုးရဖို့ အရေးပေါ်လိုအပ်နေပြီး တိုက်စစ်ဆင်ရာမှာလည်း ဘယ်လိုကစားရမလဲဆိုတဲ့ အိုင်ဒီယာ လိုအပ်ကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ စနေနေ့ည ၈ နာရီခွဲမှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။