close

အင်ဒိုနီးရှားတွင် ကုန်တိုက် မီးလောင်

အင်ဒိုနီးရှားနိုင်ငံ၊ မာကတ်ဆာမြို့က ကုန်တိုက်တန်းတခုမှာ ဧပြီ ၂၄ ရက်က မီးလောင်ခဲ့ပေမဲ့ အသေအပျောက် မရှိခဲ့ဘူးလို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

ထရန်စ်စတူဒီယို မာကက်ဆာကုန်တိုက်တန်းရဲ့ ဒုတိယထပ်ကနေ ညနေ ၆ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ ဒါကြောင့် စျေးဝယ်သူတွေ ထိတ်လန့်တကြား ဖြစ်ခဲ့ပြီး အဆောက်အဦထဲကနေ ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေ၊ မီဒီယာတွေနဲ့ လူမှုကွန်ရက်ပေါ်က ရုပ်သံတွေမှာ ဖော်ပြခဲ့ကြပါတယ်။

စျေးဆီလာသူတွေကို အဆောက်အဦထဲကနေ ရှင်းထုတ်ခဲ့လို့ အသေအပျောက် မဖြစ်ခဲ့ဘူးလို့ ကုန်တိုက်တန်းရဲ့ အမှုဆောင်အရာရှိချုပ် မက်စ် ခမ်ဘူအန်က ပြောပါတယ်။

အင်ဒိုနီးရှားမှာ သီတင်းပတ်တပတ်ကြာ အိဒ် အားလပ်ရက်အတွင်း လာရောက်လည်ပတ်သူတွေ ပြည့်ကြပ်နေချိန်မှာ မီးလောင်ခဲ့တာလည်း ဖြစ်ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Up