အင်ဒိုနီးရှားကမ်းရိုးတန်းတွင် ကူးတို့သင်္ဘော တိမ်းမှောက်ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံး

3
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း အရှေ့ဘက်ကမ်းရိုးတန်းမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး တဦး ပျောက်ဆုံးနေကြောင်း အမျိုးသား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။
လူ ၇၄ ဦးလောက်ကို တင်ဆောင်ထားတဲ့ ကူးတို့သင်္ဘောဟာ အိမ်နီးချင်း စင်ကာပူနိုင်ငံအနီးရှိ တန်ဂျွန်းပီနန်းကျွန်းငယ်ကို ရွက်လွှင့်လာပြီး မိနစ် ၃၀ လောက်အကြာမှာ သစ်တုံးတတုံးနဲ့ တိုက်မိတယ်လို့ သံသယရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပင်လယ်ပြင်မှာ ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေကို ဆူမားတြားကျွန်းပေါ်ရှိ အင်ဒရာဂီရိ ဟီလိယာနယ်မြေမှာ ပြုစုစောင့်ရှောက်ပေးနေကြပါတယ်။
ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးအေဂျင်စီက ပြောကြားပြီး မျက်မြင်သက်သေတွေဆီကလည်း သတင်းတွေ လာနေတယ်လို့ ဆိုပါတယ်။