close

ဘင်ဇီမာနေရာအတွက် ကစားသမားသစ်ခေါ်ရန် မလိုအပ်သေးကြောင်း ရီးရဲလ်နည်းပြသုံးသပ်

တိုက်စစ်မှူး ဘင်ဇီမာနေရာအတွက် ကစားသမားသစ် အရေးတကြီးခေါ်ယူဖို့ မလိုအပ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်စလော့တီက ပြောပါတယ်။

ဘင်ဇီမာရဲ့အသက်ဟာ ၃၅ နှစ်ကျော်လာခဲ့ပြီး ဖြစ်ပေမဲ့ လာလီဂါမှာ လီဝန်ဒေါစကီးပြီးရင် ဂိုးအများဆုံး ကစားသမားပါ။

ပြိုင်ပွဲစုံမှာ ၂၉ ဂိုး သွင်းယူပြီး ခြေစွမ်းပြနေဆဲဖြစ်လို့ အရန်တိုက်စစ်မှူးတစ်ဦးကို အရေးတကြီးခေါ်ဖို့ မလိုအပ်သေးကြောင်း မန်စလော့တီက ပြောပါတယ်။

နည်းပြ အန်စလော့တီက“ကာရင်ဘင်ဇီမာရဲ့ အသင်းအရွယ်ကြောင့် နံပတ် ၉ တိုက်စစ်မှူး ခေါ်ယူဖို့က အသင်းရဲ့ အာနာဂတ်အစီအစဉ်တစ်ခုဖြစ်တယ်။ ကာရင်ရဲ့ခြေစွမ်းက အတက်အကျ ရှိခဲ့တာမှန်ပေမဲ့ ရိုဒရိုင်ဂိုနဲ့ ဗင်နီဆီးယက်စ်က တိုးတက်မှုရှိလာတယ်။ အဆန်စီယိုကလည်း ခြေစွမ်း ကောင်းရနေတယ်။ ဒီဘက်၂ နှစ်အတွင်းပြဿနာက တိုက်စစ်ပိုင်းနဲ့ မသက်ဆိုင်ပါဘူး”  လို့ ပြောပါတယ်။

ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာဆီမီးဖိုင်နယ်တက်ခဲ့ပေမဲ့ လာလီဂါမှာတော့ ပြိုင်ဘက် ဘာစီလိုနာနဲ့ ၁၁ မှတ်အကွာ၊ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Up