close

ဖားကန့်တွင် နောက်ထပ် အမျိုးသား ၂ ဦး အလောင်း ထပ်တွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်း လမ်းမနားမှာ မေ ၆ ရက် မနက်ပိုင်းက သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၂၀ အရွယ် အမျိုးသား နှစ်ယောက် အလောင်းကို ထပ်မံ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံ တဦးက “မနက်သုံးနာရီလောက်က သေနတ်သံတွေ ကြားရတယ်။ မနက်  မိုးလင်းတော့ မှော်စီစာကျေးရွာ ဆိုင်းဘုတ်နားမှာ အလောင်း နှစ်လောင်းကို တွေ့ရတယ်။ ဦးခေါင်းကို သေနတ်နဲ့ ပစ်ထားတဲ့ ဒဏ်ရာမျိုးတွေ့ရတယ်။ ကောင်လေးတွေက ဘယ်သူဘယ်ဝါဆိုတာတော့ မသိရဘူး"  လို့ ပြောပါတယ်။         

အလောင်းတွေကို  မနက် ၆ နာရီလောက်မှာ တွေ့ခဲ့တာဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကမှ လာရောက် စစ်ဆေးတာ မရှိသေးဘူးလို့ သိရပါတယ်။     

မေ ၅ ရက် မနက်ပိုင်းကလည်း ဖားကန့်မြို့နယ်  မြောက်ဖြူရွာနားမှာ ရိုက်နှက် ထိုးသွင်း ဒဏ်ရာတွေနဲ့ အသက် ၂၀ အရွယ် အမျိုးသား နှစ်ယောက်ရဲ့ အလောင်းကို  တွေ့ရှိ ခဲ့ပါတယ်။ 

Up