မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁ ဦး ထပ်မံသေဆုံး၊ တစ်ရက် ၁ ဦးနှုန်း သေဆုံးနေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ဇွန်လ ၂၉ ရက်နေ့မှာ ထပ်မံ သေဆုံးသွားခဲ့တယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူက DVB ကို ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာဟာ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်နေ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မော်လမြိုင်ဆေးရုံမှာ တက်ရောက်ကုသစဉ် သေဆုံးခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ ဇွန် ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ တစ်ရက် ၁ ဦးနှုန်း သေဆုံးနေတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာ အများစုဟာ ပင်ကိုယ်ရောဂါအခံတွေ ဖြစ်တဲ့ ဆီချို၊ သွေးတိုရောဂါအခံရှိသူ အများဆုံး ပါဝင်နေတာပါ။
မွန်ပြည်နယ်မှာတော့ ဇွန် ၂၉ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၃၇၀ ကျော်ထိ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ၈ ဦး သေဆုံးထားပါတယ်။