close

ဂျာမနီနှင့်ပွဲကို ဖိအားကင်းကင်း ကစားရန် အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်း တိုက်တွန်း

ဂျာမနီနဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်ကို ဖိအားကင်းကင်းနဲ့ ကစားကြဖို့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီကနေ့ည ၁၀နာရီခွဲမှာ ဂျာမနီနဲ့ အိမ်ကွင်းဝင်ဘလေမှာ ယှဉ်ပြိုင်သွားရမှာပါ။

"အသင်းဖော်တွေကို ပြောချင်တာက ဖိအားကင်းကင်းနဲ့ လွတ်လပ်ပျော်ရွှင်စွာကစားကြဖို့ပါပဲ။ ကျနော်တို့အားလုံး အနိုင်ရချင်ကြပါတယ်။ ဒီလိုအနိုင်ရဖို့က ကျနော့်ရဲ့ ခြေစွမ်းအပေါ် တိုက်ရိုက် တည်မီနေတယ်။ ကျနော်တို့မှာ  နိုင်ငံတကာနဲ့ ကလပ် အသင်းအဆင့် အတွေ့အကြုံကောင်းတွေလည်းရှိတယ်။ ဂျာမနီက တောင့်တင်းပြီး ကစားသမားတွေကလည်း နာမည်ကြီးတွေပါ။ ကျနော်တို့အနေနဲ့ ဒီပြိုင်ပွဲရဲ့ ရှုံးထွက် အဆင့်ရောက်ရင် နှစ်ပေါင်း ၅၀ အတွင်း တစ်ပွဲပဲ အနိုင်ရဖူးပါတယ်။ သမိုင်းသစ်ရေးထိုးဖို့အတွက် အချိန်ကောင်းပါပဲ" လို့ ဟာရီကိန်းက ပြောကြားပါတယ်။

အင်္ဂလန်နဲ့ပွဲမှာ ဂျာမနီဘက်က ဂွမ်ဒိုဂမ်၊ ရူဒီဂါနဲ့ ဂိုင်ဆန်တို့ လွဲချော်မယ်လို့သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up