နယ်သာလန်စစ်သင်္ဘောကို ရုရှားရေပိုင်နက်ထဲ ဝင်မလာစေရန် ဟန့်တား

နယ်သာလန်နိုင်ငံက ဖရီဂိတ် စစ်သင်္ဘောကြီးတစီး ပင်လယ်နက်ထဲက ရုရှား ရေပိုင်နက်ထဲကို ဝင်မလာအောင်ဟန့်တားတဲ့အနေနဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ ပျံတက်ခဲ့ရတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောတဲ့အကြောင်း ရုရှား အင်တာဖက်စ်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
စစ်လေယာဉ်တွေဟာ သင်္ဘောကနေ ဘေးကင်းတဲ့ အကွာအဝေးအတွင်း ပျံသန်းခဲ့တယ်လို့လည်း ရုရှားစစ်တပ်က ပြောပါတယ်။
ရုရှားရဲ့ ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ တိုက်လေယာဉ်တွေဟာ ဒီလအစောပိုင်းမှာ ပင်လယ်နက်ထဲက ဒတ်ချ်ရေတပ် စစ်သင်္ဘောတစီးကို နှောင့်ယှက်ခဲ့တယ်၊ မထိတထိ တိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေးစနစ်တွေကို တန်ပြန်ဖျက်ဆီးခဲ့တယ်လို့ နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။