အာရှမူးယစ်ဂိုဏ်းဘုရင်ကို ဩစတြေးအစိုးရထံ လွှဲပြောင်းမည်

အာရှရဲ့မူးယစ်ဆေးဝါးဂိုဏ်းဘုရင်လို့ ဆိုသူ တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံသားကို လွှဲပြောင်းပေးဖို့ ဩစတြေးလျအစိုးရရဲ့ တောင်းဆိုမှုကို ဒတ်ခ်ျတရားရုံးက ဇူလိုင် ၂ ရက် အတည်ပြုပေးလိုက်ပါတယ်။
မက္ကဆီကန်မူးယစ်ရာဇာ Joaquin "El Chapo" Guzman နဲ့တောင် နှိုင်းယှဉ်ခံရတဲ့ အာရှမူးယစ်ခေါင်းဆောင် Tse Chi Lop ကို ထိုင်ဝမ်ကနေ ကနေဒါကို အကူးအပြောင်းမှာ သြစတြေးလျရဲတွေရဲ့ တောင်းဆိုမှုနဲ့ အမ်စတာဒမ်ရှိ Schiphol လေဆိပ်မှာ ဖမ်းဆီးလိုက်တာပါ။
ဒါကို အယူခံ၀င်သွားမှာဖြစ်ပြီး အမှုကိုတော့ ဒတ်ခ်ျတရားရုံးချုပ်ကနေ ဆုံးဖြတ်သွားမယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့နိုင်ငံကို တရားခံလွှဲပြောင်းပေးဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ဒတ်ခ်ျအစိုးရက ချမှတ်မှာပါ။
အာရှ - ပစိဖိတ်မှာ methamphetamine အခဲရောင်းဝယ်မှုကို ဦးဆောင်နေသူလို့ စွပ်စွဲခံထားရသူ Tse Chi Lop ကတော့ သူဟာ မူးယစ်ဘုရင် မဟုတ်ဘူးလို့ ပြောပါတယ်။
သူဟာ အမှားလုပ်ခဲ့တယ်ဆိုတာကို ငြင်းဆန်ထားပြီး သူ ဖမ်းဆီးခံရမှုအပေါ်လည်း ခုခံပြောဆိုပါတယ်။
ထိုင်ဝမ်မှ ကနေဒါကို သွားနေတဲ့ လေယာဉ်ပေါ်မှာ သြစတြေးလျ အင်ဂျင်နီယာတွေက သူ့ကိုနှင်ထုတ်ဖို့ အမ်စတာဒမ်မှာ ရပ်နားခဲ့တာကြောင့် သူဟာ သြစတြေးလျနဲ့ ပိုမိုကောင်းမွန်တဲ့ တရားခံလွှဲပြောင်းပေးရေး သဘောတူစာချုပ်ရှိတဲ့ နယ်သာလန်နိုင်ငံမှာ ထိန်းသိမ်းထားလို့ ရကြောင်း သူက ပြောဆိုခဲ့ပါတယ်။
Tse ဟာ တရားရုံးကို ရောက်မလာခဲ့ပါဘူး။ အယူခံဝင်နေချိန်မှာ သူဟာ လုံခြုံရေးမြင့်တဲ့ အကျဉ်းထောင်ထဲမှာ နေနေရပါတယ်။
တကယ်လို့ တရားခံကို ပြန်လွှဲပြောင်းပေးရေးမှာ ပြဿနာ တစုံတရာ ရှိနေရင် ဒါကို ဩစတြေးလျအစိုးရကိုယ်တိုင် ဆောင်ရွက်သွားမယ်လို့ ဒီနေ့ တရားရုံးက အမိန့်ချလိုက်ကြောင်း Tse Chi Lop ရဲ့ရှေ့နေ Andre Seebregts က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အခု နယ်သာလန်တရားရုံးချုပ်ကို သွားပြီးတော့ အဲ့ဒီမှာပဲ အမှုဆောင်ရွက်ဖို့ လုပ်ဆောင်ပါမယ်လို့ ဆိုပါတယ်။
တရားရုံးချုပ်က အယူခံကို ဘယ်အချိန် ကြားနာမယ်ဆိုတာ မရှင်းလင်းသေးပါဘူး။ ဘယ်လိုလွှဲပြောင်းမှုမျိုးမဆို လနဲ့ချီ ကြာတတ်ပါတယ်။
Tse Chi Lop ကို ပြန်လွှတ်ပေးနိုင်ခြေမရှိဘဲ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးမှာ မဟုတ်လို့ ဩစတြေးလျကနေ အာမခံချက်တောင်းဖို့ တရားသူကြီးတွေက တရားရေးဝန်ကြီးကို တိုက်တွန်းနေကြပါတယ်။