မန္တလေး ဆေးရုံကြီးတွင် တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂၉ ဦးရှိ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဇွန်လ ၅ ရက်မှ ဇူလိုင်လ ၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးတဲ့သူ ၂၉ ဦး အထိရှိပြီလို့ ဆေးရုံကြီးကနေ သိရပါတယ်။
ဆေးရုံကြီးမှာ ပိုးတွေ့လူနာ စုစုပေါင်း ၂၃၉ ဦးရှိပြီး ရောဂါသက်သာသွားတဲ့အတွက် ဆေးရုံဆင်းခွင့်ရသူ ၆၄ ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေသူ ၁၄၆ ဦး ရှိပါတယ်။
ရောဂါပိုးတွေ့လူနာတွေထဲမှာ ကာကွယ်ဆေး Covid shield နှစ်ကြိမ်ထိုးထားသူတွေလည်း ပါဝင်ပါတယ်။
အဲ့ဒီထဲက ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံး ဌာနခွဲစာရေး လည်းပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါသံသယရှိတာကြောင့် စစ်ဆေးခဲ့ရာ ပိုး တွေ့ရှိခဲ့ပါတယ်။
ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးဌာနခွဲစာရေး ဟာ ကာကွယ်ဆေး Covid shield ကို မတ်လ ၉ ရက်နေ့က တစ်ကြိမ်၊ ဧပြီလ ၆ ရက်နေ့က တစ်ကြိမ် နှစ်ကြိမ်ထိုးထားသူဖြစ်ပါတယ်။